Connect with us

Environment, Disasters & Accidents

ကချင်ပြည်နယ်၌ မြေစာပုံဟောင်းပြိုကျ၍ ရေမဆေးကျောက်ရှာသူ ခြောက်ဦးသေဆုံး တစ်ဦး ဒဏ်ရာရရှိ

မြေစာပုံဟောင်းများ၌ ရေမဆေးကျောက်ရှာဖွေသူများအားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်တွင် ဇန်နဝါရီ ၄ ရက် ညနေ ၃ နာရီခွဲ ခန့်က ကျောက်စိမ်းလုပ်ကွက် မြေစာပုံအဟောင်းပြိုကျရာမှ ရေမဆေးကျောက် ရှာဖွေသူ အမျိုးသားခြောက်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဖားကန့်မြို့နယ် မော်မောင်းဘွမ်ကျေးရွာ အရှေ့ဘက် နှစ်ဖာလုံ ခန့်အကွာရှိ ဂျိတ်လင်းကျောက်မျက် တူးဖော်ရေးကုမ္ပဏီ လုပ်ကွက်ဟောင်းတွင် ကျောက်စိမ်းရှာဖွေနေကြသူများအပေါ်သို့ နဂါးကိုးကောင်(ခ) မိုင်းဧရာ ကျောက်မျက်လုပ်ကွက်ဟောင်းမှ အရှည်ပေ ၂ဝဝ ၊ အမြင့်ပေ ၁၅ဝ ခန့်ရှိ မြေစာပုံဟောင်း ပြိုကျမှုကြောင့် မော်မောင်းဘွမ်ကျေးရွာနှင့် မော်ဝမ်းကလေးကျေးရွာနေသူများ ဖြစ်ကြ သည့် မောင်ခွမ်ဆိုင်း(၂၇နှစ်)၊ ဦးအင်ဒိန်နော်(၄၅နှစ်)၊ မောင်သားငယ်(၂၅နှစ်)၊ မောင်ခွန်အောင်(၂၆နှစ်)၊ မောင်မန်ကောင်းနော်(၂၈နှစ်)၊ မောင်ဆိုင်းအောင်(၂၄နှစ်) တို့မှာ သေဆုံးပြီး ဦးဆင်ဝါးနော်(၄၅နှစ်)မှာ ဒဏ်ရာများ ရရှိခဲ့၍ ဖားကန့်ဆေးရုံ တွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

အဆိုပါ အခင်းဖြစ်ပွားရာသို့ ဖားကန့်မြို့မရဲစခန်းမှူးနှင့် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ် ရေးမှူးများ သွားရောက်၍ စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.