Environment, Disasters & Accidents
ကုန်းတွင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ် နိုင်
ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ)
ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)၏ အရှိန်ကြောင့် လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ် နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်ကို ကြိုတင်သတိပြုနိုင်ရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာန မှ ကုန်းတွင်းမုန်တိုင်းငယ်သတိပေးချက် အနေနှင့် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာ မှ သတင်းထုတ်ပြန်သည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါ ရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရန် ဟူ၍ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။
အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)သည် နောက်(၉)နာရီအတွင်း အားလျော့သွားမည်ဟုခန့်မှန်းရကြောင်း ယနေ့မြန်မာစံတော်ချိန် (၁၁း၀၀)နာရီအချိန် တိုင်းထွာချက်အား မိုးဇလ မှ ထုတ်ပြန်ခဲ့သည်။ (Xinhua)