Connect with us

Environment, Disasters & Accidents

ဟားခါးမြို့၌ နေအိမ်သုံးလုံး မီးလောင်ပြီး လူ(၃) ဦးသေဆုံး

မီးလောင်နေသော အိမ်ကို မီးငြိမ်းသတ်နေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ မေ ၃၁ ရက် (ဆင်ဟွာ)

ဟားခါးမြို့ ဈေးသစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၌ ယနေ့ နံနက် ၁ နာရီ ၄၅ မိနစ် အချိန်ခန့်က နေအိမ် (၃) လုံး မီးလောင်မှု ဖြစ်ပွားပြီး လူ(၃) ဦး သေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး (၂) ထပ် နေအိမ် မီးဖို မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ပြီး မီးလောင် မှုကြောင့် အိမ်ရှင် ဒေါ်ဝေကျဲမ်း(၉၀)နှစ်၊ ဒေါ်ဗန်ဘွေဇီး (၄၅) နှစ် နှင့် ဒေါ်လှူငွာ (၈၂) နှစ်တို့မှာ မီးလောင်သေဆုံးခဲ့ကြောင်း၊အဆိုပါ အိမ်ရှိ အမျိုးသမီးတစ်ဦးသည် လက်နှစ်ဖက်နှင့် မျက်နှာ အနည်းငယ် မီးဟပ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားရာ နေရာသို့ ဟားခါး ခရိုင်/မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်း သတ်ယာဉ် (၅) စီး၊ ရေသယ်ယာဉ် (၃) စီး၊ စည်ပင်သာယာရေးမှ ရေသယ်ယာဉ် (၂) စီး၊ အုပ်ချုပ်မှု ယာဉ် (၂) စီး၊ စုစုပေါင်း (၁၀) စီးနှင့် အတူ မီးသတ်တပ်ဖွဲ့ဝင် (၅၅) ဦး ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၅) ဦး၊ ဟားခါး အခြေချ စစ်ဗျူဟာမှ တပ်ဖွဲ့ဝင် (၃၀) ဦး၊ ရပ်ကွက်နေ ပြည်သူ များက ရေဂါလန် (၁၂၀၀၀၀) ခန့် အသုံးပြု၍ ဝိုင်းဝန်း မီးငြှိမ်းခဲ့ရာ နံနက် ၃ နာရီခွဲအချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.