Environment, Disasters & Accidents
ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းများမြင့်တက်လျက်ရှိကြောင်း မိုးဇလထုတ်ပြန်
ရန်ကုန်၊ ဧပြီ ၁၆ရက်(ဆင်ဟွာ)
ယခုနှစ်နွေသည် အယ်နီညိုကျရောက်သည့် အပူလွန်ကဲသည့် နှစ်တစ်နှစ်ဖြစ်သလို ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းများလည်း မြင့်တက်လျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှသတင်းထုတ်ပြန်သည်။
ခရမ်းလွန်ရောင်ခြည် ကျရောက်မှုအမြင့်ဆုံး အညွှန်းကိန်း များမှာ နေပြည်တော်တွင် (၈.၈)၊ ရန်ကုန်မြို့တွင် (၁၀.၁)နှင့် မန္တလေးမြို့တွင် (၈.၇)တို့ ဖြစ်ကြ ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။
နေ့အပူချိန်များမှာ မန္တလေး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း၊ အရှေ့ပိုင်း)နှင့် ကယားပြည်နယ် တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ် ပိုခဲ့ပြီး၊ ကချင်ပြည်နယ်တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်အောက် (၄)ဒီဂရီစင်တီ ဂရိတ် လျော့နည်းခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ထူးခြားသည့် နေ့အပူချိန်များမှာ မကွေးမြို့တွင် (၄၄)ဒီဂရီစင်တီဂရိတ်၊ ချောက်မြို့၊ မင်းဘူးမြို့နှင့်အောင်လံမြို့တို့တွင် (၄၃)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြောင်း သိရသည်။ (Xinhua)