Connect with us

Environment, Disasters & Accidents

သြင်္ကန်ပွဲတော်အပြီး ရက်သတ္တပတ် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး ယာဉ်မတော်တဆမှု ပိုများ

အမြန်လမ်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

သြင်္ကန်ပွဲတော်အပြီး ရက်သတ္တပတ်တွင် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး၌ ယာဉ်မတော်တဆ ဖြစ်ပွားမှု ပိုများပြီး ယနေ့ဧပြီ ၁၈ ရက် ၊ နှစ်ဆန်း၂ ရက်နေ့တွင် ယာဉ်မတော်တဆမှု ၃ မှု ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်း ပြုပြင်ရေး နှင့် ကြီးကြပ်ရေး အဖွဲ့၊ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

ထိုသို့ဖြစ်ပွားရခြင်းသည် မော်တော်ယာဉ်များသည် သြင်္ကန်ပွဲတော်ကာလအတွင်း နေ့စဉ်ရက်ဆက် မောင်းနှင်ရခြင်း ကြောင့် သြင်္ကန်ပွဲတော်အပြီး သက်ဆိုင်ရာ ဒေသသို့ အပြန်တွင် ယာဉ်မောင်းများပင်ပန်းနွမ်း နယ်နေခြင်း ၊ မိမိတို့ နေရာဒေသသို့အပြန် အမြန်လမ်းမကြီးပေါ်သို့ မောင်းနှင်သည့်အခါ ယာဉ်မောင်းများ အနေဖြင့် ယာဉ်မောင်းနှင်နိုင်စွမ်းရည်ကျဆင်းခြင်း တို့ကြောင့် ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် အမြန်လမ်းမကြီးပေါ်တွင် ဖြစ်သန်းသွားလာလျှက်ရှိသောယာဉ်များ ယာဉ်မတော်တဆမှု လျှော့နည်းသွားစေရေးအတွက် ခရီး သွား ပြည်သူများမှလည်း မိမိတို့ယာဉ်ကြံ့ခိုင်ရေး ၊ ယာဉ်မောင်း အိပ်ငိုက်မှုမရှိစေရေး ၊ သတ်မှတ်အမြန်နှုန်း ထက် ပိုမိုမောင်းနှင်မှုမရှိစေရေး ၊ လုံခြုံရေးခါးပတ် ပတ်ထားနိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်ပါရန် နှိုးဆော်ထားသည်။
ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်သွားလာမှုများအနက် သြင်္ကန်မကျမီ (၁)ပတ်နှင့် သြင်္ကန်အပြီး (၁)ပတ်တို့တွင် ယာဉ်သွားလာမှုပိုမိုများပြားလေ့ရှိပြီး ယာဉ်သွားလာမှု ပိုမိုများပြားတတ်သည့် ထိုရက်သတ္တပတ် ၂ ပတ်တွင် သြင်္ကန်ပွဲတော်အပြီး ရက်သတ္တပတ်သည် ပိုများလေ့ရှိကြောင်း တွေ့ရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.