Environment, Disasters & Accidents
ချင်းတွင်းမြစ်ရေစိုးရိမ်ရေမှတ် ဆက်လက်တည်ရှိနေသောကြောင့် မြေနိမ့်ပိုင်းနေထိုင်သူများသတိပြုရန် မိုးဇလထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)
ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်တွင် ဆက်လက်တည်ရှိနေသည့် အတွက် ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ် နှင့်မော်လိုက်မြို့နယ်အတွင်းရှိ မြစ်ကမ်း အနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ အကြံပြုချက် ထုတ်ပြန်သည်။
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့ တွင် (၁)ပေခွဲခန့်၊ ဟုမ္မလင်းမြို့တွင် (၂)ပေခန့်၊ ဖောင်းပြင်မြို့နှင့် မော်လိုက်မြို့တို့တွင် ပေဝက်ခန့်စီ ယင်းမြို့ များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန်နေပြီး နောက် (၁)ရက်အတွင်း ခန္တီးမြို့တွင် (၁)ပေခန့်၊ နောက် (၂)ရက်အတွင်း ဟုမ္မလင်းမြို့တွင် (၁)ပေခွဲခန့်၊ ဖောင်းပြင်မြို့နှင့် မော်လိုက်မြို့တို့တွင် (၂)ပေခန့်စီ ဆက်လက်တက်လာနိုင်ကာ ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက် ဆက်လက်တည်ရှိ နိုင်ကြောင်း မိုးဇလ ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)