Connect with us

Environment, Disasters & Accidents

ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက် နှင့် မင်းကင်းမြို့နယ် အတွင်း နေထိုင်သူများ ချင်းတွင်းမြစ်ရေမြင့်တက်မှုအား သတိပြုနေထိုင်ကြရန် မိုးဇလထုတ်ပြန်

ချင်းတွင်းမြစ်ရေ မြင့်တက်မှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်သို့ကျော်လွန်နေသည့်အတွက် ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ မော်လိုက်မြို့နယ်နှင့် မင်းကင်းမြို့နယ် အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်သည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် (၂)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၁)ရက်အတွင်း (၁)ပေခန့် ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် (၂)ပေခွဲခန့်၊ ဖောင်းပြင်မြို့တွင် (၂)ပေခန့်၊ မော်လိုက်မြို့တွင် (၃)ပေခန့်နှင့် မင်းကင်းမြို့တွင် ပေဝက်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်နေပြီး နောက်(၁)ရက်အတွင်း ဟုမ္မလင်းမြို့တွင် ပေဝက်ခန့်နှင့် နောက်(၂)ရက်အတွင်း ဖောင်းပြင်မြို့တွင် (၁)ပေခန့်၊ မော်လိုက်မြို့နှင့် မင်းကင်းမြို့တို့တွင် (၁)ပေခွဲခန့်စီ ဆက်လက်တက်လာနိုင်ကာ ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးဇလ၏သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.