Environment, Disasters & Accidents
ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့ ၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခွဲခန့်ရောက်ရှိ

ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)
ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခွဲခန့်တွင် ရောက်ရှိနေပြီး၊ အဆိုပါ မြစ်ရေသည် နောက် (၂) ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
သို့ဖြစ်ပါ၍ မော်လိုက်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် မိုးဇလ မှ အကြံပြုချက် ထုတ်ပြန်သည်။ (Xinhua)