Connect with us

Environment, Disasters & Accidents

ခန္တီး ၊ ဟုမ္မလင်း နှင့် ရွှေကူ မြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအား မြစ်ရေကြီးမှု အထူးသတိပြု နေထိုင်ကြရန် အကြံပြု

ချင်းတွင်း မြစ်ရေ ခန္တီးမြို့ ၌ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်နေမှုအား တွေ့ ရစဉ်(ဓာတ်ပုံ- မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

ရန်ကုန် ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ)

ချင်းတွင်းမြစ်ရေ နှင့် ဧရာဝတီမြစ်ရေ တို့သည် ခန္တီး ၊ ဟုမ္မလင်း နှင့် ရွှေကူ မြို့များ၏ စိုးရိမ်ရေမှတ် အသီးသီး အထက်သို့ ကျော်လွန်နေသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ အကြံပြုထားသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် (၄)ပေခွဲခန့် နှင့် ဟုမ္မလင်းမြို့တွင် (၁)ပေခွဲခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီး အထက်သို့ ကျော်လွန်နေပြီး နောက်(၁)ရက်အတွင်း ခန္တီးမြို့တွင် (၁)ပေခန့်နှင့် နောက် (၂) ရက် အတွင်း ဟုမ္မလင်းမြို့တွင် (၁)ပေခွဲခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီး အထက် ဆက်လက် တည်ရှိ နိုင်ကြောင်း ယနေ့သြဂုတ် ၁၄ ရက် နေ့လည်ပိုင်း အချိန် တိုင်းထွာချက်များ အရ သိရသည်။ဧရာဝတီမြစ်ရေသည် ရွှေကူမြို့တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် (၁) ရက်အတွင်း ပေဝက်ခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိ နိုင်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.