Environment, Disasters & Accidents
ချင်းတွင်းမြစ်ရေ သည် ဟုမ္မလင်းမြို့တွင် နောက် (၁) ရက်အတွင်း စိုးရိမ်ရေမှတ်ရောက်ရှိနိုင်ကြောင်း မိုးဇလထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
ချင်းတွင်းမြစ်ရေ သည် ဟုမ္မလင်းမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် (၃)ပေခွဲခန့်တွင် ရောက်ရှိလျက်ရှိပြီး အဆိုပါ မြစ်ရေသည် နောက် (၁) ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။
သို့ဖြစ်ပါ၍ ဟုမ္မလင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် မိုးဇလမှ အကြံပြုချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)