Connect with us

Environment, Disasters & Accidents

ခန္တီးမြို့ အနိမ့်ပိုင်းရပ်ကွက်များ တောင်ကျရေများ ဝင်ရောက်နေမှုကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

ခန္တီးမြို့ အနိမ့်ပိုင်းရပ်ကွက်များ အတွင်း တောင်ကျရေများ ၀င်ရောက်နေမှုအား တွေ့ ရစဉ်(ဓာတ်ပုံ-Myanmaalinn)

ရန်ကုန် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ ဇီးဖြူကုန်းရပ်ကွက် မြေနိမ့်ပိုင်းနှင့် မြို့မရပ်ကွက် ဈေးလမ်းတစ်လျှောက်တွင် မိုးများအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများ ဝင်ရောက်နေမှုကြောင့် ဒေသခံပြည်သူများနှင့် ကျွဲ၊ နွားတိရစ္ဆာန်များ ဘေးလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်းလျက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

မိုးရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေသည် ဇူလိုင် ၁ ရက် ညနေ ၆ နာရီခွဲက မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ တိုင်းထွာချက်အရ ၁၂၂၅ စင်တီမီတာသို့ ရောက်ရှိနေပြီး ခန္တီးမြို့ ၏ စိုးရိမ်ရေမှတ်မှာ ၁၃၆ဝ စင်တီမီတာဖြစ်ကာ မိုးဆက်လက်ရွာသွန်းနေပါက စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်သဖြင့် ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။(Xinhua)