Environment, Disasters & Accidents
ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေသော ရေယာဉ်များ မြစ်ကြောင်းတွင်း သွားလာခွင့်အား ယာယီပိတ်ထား
ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)
ချင်းတွင်းမြစ်အထက်ပိုင်း မြစ်ကြောတစ်လျှောက် ၌ မြစ်ရေသည် စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေသည့်အတွက် ကုန်တင်နှင့် လူစီးရေယာဉ်များကို ဇူလိုင် ၈ ရက် မှ၁၂ ရက်အထိ သွားလာခွင့် ပိတ်ထားရာမှ ဇူလိုင် ၁၆ ရက်အထိ ၄ ရက် ထပ်မံတိုးမြှင့်ကာ သွားလာခွင့်အားပိတ်လိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ဇူလိုင်၁၆ရက်ကျော်သည်အထိ ရေဆက်ကြီးနေဦး မည်ဆိုပါက ကုန်စည်ပို့ဆောင်ရေးနှင့် အရေးကြီးကဏ္ဍများအတွက်အခြားနည်းလမ်းကို ကြိုတင်စဉ်းစားညှိနှိုင်း ဆွေးနွေးသွားမည်ဖြစ်သလို ချင်းတွင်းမြစ်အတွင်း ဝင်ရောက်လာသော မြန်မာနိုင်ငံအောက်ပိုင်းဒေသမှ သင်္ဘောကြီးများကို ရေလှိုင်းအခြေအနေ၊ မြို့ရေချိန်များ ပေါ်မူတည်၍ ပိတ်သင့်လျှင်ပိတ်သွားမည် ဖြစ်ကြောင်း ရေယာဉ်များစနစ်တကျ ပြေးဆွဲရေးကော်မတီဥက္ကဋ္ဌပြောသည်။
လောလောဆယ်ရေကြောင်းပိတ်အပြီး အညာဆန် သည့် သင်္ဘောမှာ သုံးစင်းခန့်သာတွေ့သေးသလို ချင်းတွင်းမြစ်ကိုကန့်လန့်ဖြတ်ပြေးဆွဲနေသော မုံရွာ အခြေပြုစက်လှေအသင်းများကိုလည်း အန္တရာယ်ကြိုတင် ကာကွယ်သည့်အနေဖြင့် သက်ဆိုင်ရာကစောင့်ကြပ်ကာ စနစ်တကျတင်ဆောင်မောင်းနှင်ရေးကို ကြပ်မတ်ဆောင် ရွက်လျက်ရှိကြောင်းပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)