Connect with us

Environment, Disasters & Accidents

ချင်းတွင်းမြစ်ရေ ဝင်ရောက်မှုကြောင့် ကနီမြို့နယ်၌ သီးနှံမျိုးစုံ ၅၉၅ ဧက ပျက်စီး ဆုံးရှုံး

စိုက်ပျိုးသီးနှံများ မြစ်ရေ ဝင်ရောက်မှုများအား တွေ့ ရစဉ်(ဓာတ်ပုံ- Myanmaalinn)

ရန်ကုန် ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်၌ ချင်းတွင်းမြစ် ရေကြီးရေလျှံ မှုကြောင့် ဇူလိုင် ၁၁ ရက်အထိ တောင်သူများ စိုက်ပျိုးထားသည့် သီးနှံမျိုးစုံ ၅၉၅ ဧက ပျက်စီး ဆုံးရှုံးမှု ရှိကြောင်း မြို့နယ် စိုက်ပျိုးမှု ကြီးကြပ်ရေး အဖွဲ့ထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ချင်းတွင်းမြစ်အဖျားပိုင်းများတွင် မိုးများ အဆက်မပြတ် ရွာသွန်းမှု ကြောင့် ကနီမြို့ နယ်အတွင်း ချင်းတွင်းမြစ်ကမ်းဘေး အနိမ့်ပိုင်းရှိ ကျေးရွာများနှင့် မြို့ပေါ် ရပ်ကွက်များတွင် အနိမ့်ပိုင်းနေရာများ၌ ဇူလိုင် ၈ ရက်မှစတင်၍ မြစ်ရေများ ဝင်ရောက်ပြီး ရေကြီးရေလျှံမှုများ ဖြစ် ပေါ်လျက်ရှိကာ အချို့အနိမ့်ပိုင်းတွင် စိုက် ပျိုးထားသော သီးနှံများရေဝင်ရောက်၍ ပျက်စီးမှုများရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.