Environment, Disasters & Accidents
ချင်းပြည်နယ်တွင် မြေသားနံရံပြိုကျပြီး အဆောက်အဦတစ်လုံး ပျက်စီး
ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့၊ အမှတ်(၂)ရပ်ကွက်တွင် ယနေ့ နံနက် ၇နာရီ ၄၀တွင် မြေသားနံရံပြိုကျပြီး အဆောက်အဦတစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အဆောက်အဦ(၁)လုံးပေါ်သို့ မြေသားနံရံပြိုကျမှုဖြစ်ပွားကြောင်း၊ အဆိုပါ မြေသားနံရံပြိုကျမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အဆောက်အဦပေါ် မြေသားနံရံပြိုကျမှုအား ရိခေါဒါရ်နယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများ၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။(Xinhua)