Connect with us

Environment, Disasters & Accidents

တိုက်ကြီးမြို့နယ်အတွင်း တောဆင်ရိုင်းတစ်ကောင် ဝင်ရောက်ဖျက်ဆီးမှုကြောင့် နေအိမ်တစ်လုံး ပျက်စီး

တောဆင်ရိုင်းဝင်ရောက်ဖျက်ဆီးခဲ့သော နေအိမ်အားတွေ့ရစဉ်(ကြေးမုံ)

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ ဉက္ကံမြို့၊ မီးလောင်ကုန်း ကျေးရွာ၌ စက်တင်ဘာလ ၂၄ ရက် နံနက် ၄ နာရီ ၁၅ မိနစ်က တောဆင်ရိုင်းတစ်ကောင် ဝင်ရောက်ဖျက်ဆီးမှုကြောင့် နေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ကျေးရွာရှိ နေအိမ်တစ်အိမ်သို့ တောဆင်ရိုင်းတစ်ကောင်ဝင်ရောက် ဖျက်ဆီးခဲ့ပြီး နေအိမ် အတွင်းရှိ ဆန်နှစ်အိတ်အား စားသောက်ခဲ့ကြောင်းနှင့်၎င်းတောဆင်ရိုင်းသည် နံနက် ၄ နာရီ ၅၀ မိနစ်တွင် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

တောဆင်ရိုင်းဝင်ရောက် ဖျက်ဆီးမှုကြောင့် နေအိမ်တစ်လုံးအား ပျက်စီးခဲ့သော်လည်း လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။(Xinhua)