Connect with us

Environment, Disasters & Accidents

ချင်းပြည်နယ်အတွင်း မိုရာမုန်တိုင်းကြောင့် ကျပ် ၁၇၈သန်းကျော် ဆုံးရှုံး

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်ပြိုကျပျက်စီးနေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

ချင်းပြည်နယ် ဟားခါးမြို့တွင် မေလအတွင်းတိုက်ခိုက်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း မိုရာကြောင့် ငွေကျပ် ၁၇၈သန်းကျော် ဆုံးရှုံးခဲ့ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း မိုရာကြောင့် ချင်းပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် အမျိုးသမီး နှစ်ဦး သေဆုံးပြီး ထိခိုက် ပျက်စီးမှုမှာ စုစုပေါင်း အိမ် ၅၈၃ လုံး၊ စာသင်ကျောင်း ၆၁ ကျောင်း၊ ဘုန်းကြီး ကျောင်း ရှစ်ကျောင်း၊ အခြား အဆောက် အအုံ ၄၂ လုံး၊ တံတား သုံးစင်း၊ လမ်း အရှည် ၃ မိုင် ၁ ဖာလုံ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ပြည်သူများအား ချင်း ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာနက ကူညီထောက်ပံ့ မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ငွေကျပ် ၁၆၉၅၈၂ဝဝ တန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်းများနှင့် ငွေသား ကျပ် ၁၂ဝဝဝဝဝ ကို သက်ဆိုင်ရာ မြို့နယ်များသို့ ကူညီထောက်ပံ့ပေးခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.