Connect with us

Environment, Disasters & Accidents

ဟိုင်းကြီးကျွန်း မြို့နယ်ခွဲသို့ဝင်ရောက်လာသော ကြွက်များမှာ အစာရှားပါးမှုနှင့် ကြုံတွေ့ရသဖြင့် ရွှေ့ပြောင်း လာဟုဆို

ဟိုင်းကြီးကျွန်း မြို့ နယ်ခွဲသို့ ဝင်ရောက်လာသည့် ကြွက်များအား ရှင်းလင်း ဆောင်ရွက်မှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇွန် ၈ ရက်(ဆင်ဟွာ)

ပုသိမ်ခရိုင် ၊ ဟိုင်းကြီးကျွန်း မြို့နယ်ခွဲ ဇီးချိုင် ကျေးရွာ နှင့် ဆက်စပ် ဒေသများသို့ဝင်ရောက် လာသော ကြွက်များမှာ အစာ ရှားပါးမှု နှင့် ကြုံတွေ့ခဲ့ရသဖြင့် အရပ် ရွှေ့ပြောင်းနေကြခြင်း ဖြစ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာန PP ဌာနခွဲမှ စမ်းသပ် စစ်ဆေးမှုများအပေါ် ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှု အရ သိရသည်။

ထိုသို့အစာ ရှားပါးမှုကြောင့် ရွှေ့ပြောင်းလာသော ကြွက်များကြောင့် ကျန်းမာရေး ဆိုးကျိုး မရှိနိုင်ကြောင်း နှင့် ကပ်ပါး ရောဂါ အခြေအနေကို ဖြစ်ပေါ်စေနိုင်မည့် ပလိပ် ရောဂါ ဖြစ်စေသော ကပ်ပါးသန်း မရှိသည်ကိုလည်း စမ်းသပ် စစ်ဆေးမှုအရ သိရသည်။

ထိုဒေသသို့ကျရောက်သော ကြွက်မျိုးများသည် ကြွက်ဝမ်းဖြူများ ဖြစ်ပြီး လက်ရှိ အသက်အရွယ်မှာ နှစ်လခွဲမှ သုံးလ အတွင်း (အရွယ်ရောက် မျိုးပွားရန် အသင့်) သက်တမ်းရှိသည့် ကြွက်များ ဖြစ်ကြောင်း သိရသည်။

ထိုကြွက်များသည် လွန်ခဲ့သော နှစ်လမှ သုံးလ အတွင်း အစာ ပေါများစွာ ရှိခဲ့သည့် အတွက် စုဆောင်းထားသည့် အစာ လက်ကျန် ရှိနေသေးသော်လည်း ယခုအခါတွင် အစာ မရှိသည့် အတွက် ရရာ အစာ ဖြစ်သော ဝါးရွက်နု ၊ တညင်းရွက် နှင့် ဖလာခေါက်များကိုသာ စားသောက်နေကြောင်း တွေ့ရှိရကြောင်း သိရသည်။

ကြွက်များသည် လတ်တလောတွင် ကျေးရွာထဲ ဝင်ရောက် အစာရှာခြင်းမှ ရှောင်ရှားနေသော်လည်း ပေါ့ပေါ့တန်တန် မနေသင့်ဘဲ လက်ကျန် ကြွက်ကောင်ရေ ရှင်းလင်းရန် အတွက် တောစပ် ခြုံစပ် နှင့် ဝါးရုံတောများထဲတွင် ခိုအောင်းနေသော ကြွက်များကို လူအင်အားဖြင့် ဖမ်းဆီးခြင်းကို ၅ ရက်မှ ၇ ရက် အတွင်း ဆက်တိုက် ဆောင်ရွက်ရန် တိုက်တွန်း နှိုးဆော်ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.