Connect with us

Environment, Disasters & Accidents

ချင်းပြည်နယ်၊ ထန်တလန်မြို့၏ တောင်-အနောက်တောင်ဘက် တွင် အင်အား ၃.၆ အဆင့်ရှိငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ-- မိုးဇလ)

ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ)

ချင်းပြည်နယ်၊ ထန်တလန်မြို့၏ တောင်-အနောက်တောင်ဘက် (၂၆)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၂၂.၃၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၃၄) ဒီဂရီ၊ အနက်(၂၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။

၂၀၁၈ ခုနှစ်၊ မတ်လ (၃)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၂)နာရီ၊ (၃၆)မိနစ်၊ (၅၅)စက္ကန့် အချိန်တွင် ငလျင်လှုပ်ရှားသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.