Connect with us

Environment, Disasters & Accidents

ရှန်ဟိုင်းတွင် East China ကုန်စည်ပြပွဲ ပြုလုပ်

East China ကုန်စည်ပြပွဲ မြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရှန်ဟိုင်း၊ မတ် ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် အကြီးဆုံး ဒေသဆိုင်ရာ ကုန်စည်ပြပွဲဖြစ်သည့် ၂၈ ကြိမ်မြောက် East China Fair အား မတ်လ ၁ ရက်တွင် ရှန်ဟိုင်းမြို့၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

လေးရက်ကြာ ပြုလုပ်မည် အဆိုပါ ကုန်စည်ပြပွဲသို့ တရုတ်နိုင်ငံမှ ကုမ္ပဏီပေါင်း ၄,၀၀၀ ကျော်နှင့် ပြည်ပမှ ကုမ္ပဏီပေါင်း ၄၆၀ ကျော် ပါဝင်ပြသမည် ဖြစ်သည်။ အကျယ်အဝန်း ၁၂၃,၆၀၀ စတုရန်းမီတာ ရှိသော ကုန်စည်ပြပွဲနေရာ၌ အထည်ချုပ်လုပ်ငန်းများမှ ခေတ်မီ လူနေမှုပုံစံအထိ အမျိုးအစား ငါးမျိုးခွဲကာ ပြခန်းပေါင်း ၅,၇၀၀ ဖြင့်ပြသသွားမည် ဖြစ်သည်။

ကုန်စည်ပြပွဲ ကျင်းပသည့် ပထမဆုံးနေ့၌ ခေတ်သစ် ပိုးလမ်းမကြီး အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှု လွယ်ကူရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ်အတွင်း ခေတ်သစ် ပိုးလမ်းမကြီး အဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်မှု တန်ဖိုးသည် ယွမ် ၇.၃၇ ထရီလီယံ (အမေရိကန် ၁.၁၄ ထရီလီယံ) ရှိပြီး တရုတ်နိုင်ငံ၏ ပြည်ပ ကုန်သွယ်မှု စုစုပေါင်း ၂၆.၅ ရာခိုင်နှုန်း ရှိကြောင်း အကောက်ခွန် အချက်အလက်များတွင် ဖော်ပြထားသည်။

၁၉၉၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် နှစ်ပတ်လည် ကုန်စည်ပြပွဲ၌ တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ ပြည်နယ်နှင့် မြို့ ၉ ခုက ပူးတွဲ ကျင်းပခြင်း ဖြစ်သည်။ ယင်းသည် တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်မှု၏ အရေးပါသော လက္ခဏာ တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.