Connect with us

Environment, Disasters & Accidents

ရေစကြိုမြို့၌ အိမ်ခြေ ၁၅၄လုံး မီးလောင်ပြီး လူဦးရေ ၈၀၀ကျော် မီးဘေးသင့်


ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ သက်ကြီးတောကျေးရွာအုပ်စုတွင် မီးလောင်မှုဖြစ်ကာ အိမ်ခြေ ၁၅၄လုံး မီးကူးစက်လောင်ကျွမ်းပြီး လူဦးရေ ၈၉၃ ဦး မီးဘေးသင့်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထံမှ သိရသည်။

အဆိုပါ ကျေးရွာတွင် မတ်လ ၃ ရက်နေ့ ည ၈နာရီခွဲအချိန်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး မတ် ၄ ရက် နံနက် ၁နာရီ၌ မီးထိန်းနိုင်ခဲ့သော်လည်း မီးကြွင်းမီးကျန်များကို ဆက်လက် ငြိမ်းသတ်နေဆဲဖြစ်ကြောင်း သိရသည်။

ရေစကြိုမြို့၌ နေအိမ်များမီးလောင်မှုအား တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန)

ယင်း မီးလောင်မှုကြောင့် အိမ်ခြေ ၁၅၄ လုံးမီးကူးစက်လောင်ခံရပြီး မီးဘေးသင့်ပြည်သူ ကျား(၄၂၉)၊ မ (၄၆၄) ပေါင်း(၈၉၃)ဦး၊ အိမ်ထောင်စု (၁၅၄)စုတို့အား ကျေးရွာ (အ.ထ.က-ခွဲ)တွင် နေရာချထားလျှက်ရှိကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရ သေဆုံးခြင်းမရှိခဲ့ကြောင်း၊ မီးလောင်ရခြင်း အဓိက အကြောင်းနှင့် ဆုံးရှုံးမှုတန်ဖိုးအား စစ်ဆေးတွက်ချက်နေကြောင်း သိရသည်။(Xinhua)