Environment, Disasters & Accidents
ဂန့်ဂေါမြို့၏ မြောက်-အရှေ့မြောက်ဘက် (၂၃) မိုင်ခန့်အကွာ ကို ဗဟိုပြု၍အင်အား ၃.၉ အဆင့်ရှိငလျင်တစ်ခုလှုပ်ရှား

ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက်နေ့ မြန်မာစံတော်ချိန် (၀၈)နာရီ (၀၂)မိနစ် (၃၀)စက္ကန့် အချိန်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၏ မြောက်-အရှေ့မြောက်ဘက် (၂၃) မိုင်ခန့်အကွာ ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၉) အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ထိုငလျင်လှုပ်ရှားမှုကြောင့် ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။ (Xinhua)