Connect with us

Environment, Disasters & Accidents

သဘာဝဘေးကြောင့် ဆုံးရှုံးမှု လျော့ကျရန် ရေတိုရေရှည်နည်းလမ်းများဖြင့် ဆောင်ရွက်မည်

အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့ တွင် ဒုတိယ သမ္မတ ဦး ဟင်နရီ ဗန်ထီးယူ အဖွင့်စကား ပြောကြားစဉ်။

နေပြည်တော်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

သဘာဝဘေးကြောင့် ထိခိုက် ပျက်စီး ဆုံးရှုံးမှုများလျော့ပါး သက်သာရန် ရေတို ရေရှည် နည်းလမ်းများ ဖြင့် ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူက ယနေ့ ပြောကြားခဲ့သည်။

“ဖွံ့ဖြိုးတိုးတက်မှုတွေ ရပြီးတော့မှ ဘေးအန္တရာယ်တွေ ကျရောက်မှုကြောင့် ဆုံးရှုံးရမယ်ဆိုရင် ကျွန်တော်တို့အတွက် များစွာ နစ်နာမှာ ဖြစ်ပါတယ်၊၊ ကျွန်တော်တို့အနေနဲ့ သဘာ၀ အလျောက် ဖြစ်ပေါ်တဲ့ အန္တရာယ်တွေကို လျှော့ချဖို့ မဖြစ်နိုင်ပါဘူး၊ ဘေးမဖြစ်ခင်ကတည်းက လိုအပ်တဲ့ ကြိုတင် ပြင်ဆင် ကာကွယ်မှုတွေ ဆောင်ရွက်ပေးနိုင်မှသာ ဖြစ်ချိန်မှာ ထိခိုက် ဆုံးရှုံး ရမှုတွေ လျော့ပါး သက်သာမှာ ဖြစ်ပါတယ် ၊ အဲဒီအတွက်ကို အစိုးရနဲပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ အားလုံး ပူးပေါင်းပြီး ရေတို ရေရှည် နည်းလမ်းတွေနဲ့ ရင်းနှီးမြှုပ်နှံ ဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်” ဟု နေပြည်တော် MICC II တွင် ယနေ့နံနက် ပြုလုပ်သည့် အပြည်ပြည် ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့အခမ်းအနား၌ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့တွင် ကုလ သမဂ္ဂဌာနေ ကိုယ်စားလှယ် ကိုယ်စား FAO မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Ms. Xiaojie Fan က ကုလ အထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားစဉ်။

ဒုတိယ သမ္မတနှင့် အဖွဲ့ အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့ ပြခန်းများအား လှည့်လည်ကြည့်ရှုကြစဉ်။

မြန်မာနိုင်ငံအနေဖြင့် ပြည်သူ ဗဟိုပြုသည့် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ဆီသို့ စတင်ချီတက်နေချိန် ဖြစ်သည့် ယခုအချိန်သည်ဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်းများကို တစ်ပြိုင်နက် ထည့်သွင်း ဆောင်ရွက်နိုင်သည့် အကောင်းဆုံး အချိန် ဖြစ်ပါကြောင်း၊ စာရင်းဇယားများအရ ၂၀၁၇ ခုနှစ် ပထမ နှစ်ဝက်အတွင်း ကမ္ဘာ့နိုင်ငံပေါင်း ၇၃ နိုင်ငံတို့တွင် သဘာဝဘေးအန္တရာယ် စုစုပေါင်း ၁၄၉ ခု ဖြစ်ပွားခဲ့ရာ အဆိုပါ ဘေးများကြောင့် လူ ၃၁၆၂ ဦး သေဆုံးခဲ့ပြီး လူဥၤီးရေ သန်း ၈၀ ခန့်ဘေးသင့်ခဲ့ရကြောင်း၊ စီးပွားရေးအရ ထိခိုက် ဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၄ ဘီလျံခန့် ရှိကြောင်းလည်း ဒုတိယ သမ္မတက ပြောခဲ့သည်။

ထို့အပြင် ၎င်းက “ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပွားတော့မယ့် ဘေးအန္တရာယ်နဲ့ စပ်လျဉ်းတဲ့ သတင်းအချက်အလက်တွေကို ပြည်သူတွေ ပိုမို လက်လှမ်းမီလာပါပြီ၊ ဒါပေမယ့် ဘေးအန္တရာယ် ကျရောက်နိုင်ခြေနဲ့ စပ်လျဉ်းတဲ့ သတင်းတွေကို လက်တွေ့ အသုံးချမှု အပိုင်းမှာတော့ အားနည်း နေသေးတာ တွေ့ရပါတယ်၊ ဘေးအန္တရာယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ အားလုံးမှာ တာဝန်ရှိပါတယ်၊ ဒီလုပ်ငန်းတွေနဲ့ ဆက်နွှယ်သူအားလုံး၊ ပြည်သူလူထု တစ်ရပ်လုံးက ခိုင်မာသော သန္နိဋ္ဌာန်မလျှော့သော ဇွဲလုံ့လ တို့နဲ့ ပူးပေါင်း ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်း ပြောကြား လိုပါတယ်” ဟုလည်း ဖြည့်စွက် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် “သဘာ၀ ဘေးဒဏ် ကြံ့ကြံ့ခံ အသင့်ပြင်ထား မြို့ရွာများ” ဟူသည့် ဆောင်ပုဒ်ဖြင့် ၂၀၁၀ ခုနှစ်တွင် စတင်ကျင်းပခဲ့ကာ ယခု ၂၀၁၇ တွင် “ထိတွေ့ဘေးဒဏ် လျှော့ချမှ လုံခြုံ စိတ်ချ ဒို့ဘဝ” ဆောင်ပုဒ်ဖြင့် ကျင်းပသည့် အဆိုပါ အပြည်ပြည်ဆိုင်ရာ သဘာ၀ ဘေး လျော့ပါးရေးနေ့ အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများ ဒုတိယ ဝန်ကြီးများ၊ သံအမတ်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ပြည်တွင်း ပြည်ပ NGO များမှ ကိုယ်စား လှယ်ကြီးများ တက်ရောက်ခဲ့ကြပြီး ကုလ သမဂ္ဂဌာနေ ကိုယ်စားလှယ် ကိုယ်စား FAO မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Ms. Xiaojie Fan က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။

ထို့နောက် အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ကူးကြပြီး အခမ်းအနားရှိ ပြခန်းများ၊ သဘာဝဘေး ကယ်ဆယ်ရေး ယာဉ်များ၊၊ ကိရိယာများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.