Connect with us

Environment, Disasters & Accidents

ငလျင်ဒဏ်ကြောင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းဘုရား စေတီ ထိခိုက် ပျက်စီးမှု အရေအတွက် တိုးလာပြီး ၃၉၇ ဆူထိရှိ

ငလျင်ဒဏ်သင့် ပုဂံရှေးဟောင်းဘုရား စေတီပုထိုး တစ်ဆူအား တွေ့ရစဉ်(ဓာတ်ပုံ- Ministry of Religious Affairs and Culture)

ရန်ကုန် ၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ)

အင်အားပြင်း မြေငလျင် လှုပ်ခတ်ခဲ့သည့် ဒဏ်ကြောင့် ပုဂံ ယဉ်ကျေးမှု အမွေအနှစ် ဒေသတွင်းရှိ ရှေးဟောင်း ဘုရား စေတီ ပုထိုးများ ထိခိုက် ပျက်စီးခဲ့သည့် အရေအတွက်မှာ တိုးလာခဲ့ပြီး စုစုပေါင်း ၃၉၇ ဆူထိ ပျက်စီးမှု ရှိခဲ့ကြောင်း သာသာနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ၊ ရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီးဌာနထံမှ သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ၌ ငလျင် လှုပ်ခတ်အပြီး သြဂုတ် ၂၅ ရက်တွင် ထိခိုက်ပျက်စီးမှု အခြေအနေမှာ ရှေးဟောင်း ဘုရားစေတီ ၁၈၇ ဆူ ရှိခဲ့ရာမှ ယခုအခါတွင် စုစုပေါင်း ၃၉၇ ဆူထိ ပျက်စီးမှု ရှိခဲ့ကြောင်း သိရသည်။ထို့အတူ ငလျင်ဒဏ်သင့် ပုဂံ ဘုရားစေတီ ပုထိုးများ အနက် ထိခိုက်ပျက်စီးမှု များပြီး အန္တရာယ်ရှိသည့် စေတီ ပုထိုး ၃၃ ဆူအား ပြည်တွင်း/ပြည်ပ ဘုရားဖူး ဧည့်သည် ဝင်/ထွက်ခွင့် ခေတ္တပိတ်ထားကြောင်း သိရသည်။

ယခု အခါတွင် ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ ရှေးဟောင်း ဘုရား စေတီပုထိုးများ၏ အခြေအနေများအား အစိုးရ ဌာနဆိုင်ရာ အဖွဲ့အစည်းများ နှင့် ယူနက်စကို (UNESCO) အပါအဝင် အဖွဲ့အစည်းများမှ လေ့လာ ဆန်းစစ်မှုများ ပြုလုပ်ကာ ပြန်လည် ပြင်ဆင်ရေး လုပ်ငန်း အစီအစဉ်များအား UNESCO မှ ရေးဆွဲ ဆောင်ရွက်၍ သက်ဆိုင်ရာ အစိုးရ အဖွဲ့ထံ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ စေတီပုထိုးများအား အလျင်စလို မပြုပြင်ဘဲ ယူနက်စကို၏နည်းပညာ အကူအညီဖြင့် လုပ်ငန်း အစီအစဉ်များ Work Plan ပြုလုပ်၍ သေချာစီမံရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.