Connect with us

Environment, Disasters & Accidents

သီပေါမြို့အနီး ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် ခရီးသည် စုစုပေါင်း ၇ ဦး သေဆုံး

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် အနီး ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်များအား တွေ့ရစဉ် (ဓာတ်ပုံ-ပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့(လားရှိုး)

ရန်ကုန် ၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ)

ရှမ်းပြည်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်အွန် ရွာအနီး မိုင်တိုင် ၁၄၉/၃ တွင် ယနေ့သြဂုတ် ၂၇ ရက် ၊ နံနက်ပိုင်းတွင် နေပြည်တော်-လားရှိုး ပြေးဆွဲသည့် ကြယ်စင်ဟိန်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် ခရီးသည် စုစုပေါင်း ၇ ဦး သေဆုံးသွားခဲ့ကြောင်း ရှမ်းပြည်နယ် ၊ ပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

“ဖြစ်စဉ်ကတော့ နံနက် ၆ နာရီခွဲလောက်မှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့ချိန် မော်တော်ယာဉ်က ကုန်းအဆင်းမှာ လမ်းချော်လို့ဘရိတ်(Break)အုပ်လိုက်တာ ကားက တစ်ပတ်လှည် သွားပြီး လမ်းစောင်းနဲ့သွားရိုက်ပြီး တိမ်းမှောက်သွားတာပါ”ဟု ရှမ်းပြည်နယ် ၊ ပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့အတည်ပြု ပြောကြားခဲ့သည်။

ထိုခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် ပွဲချင်းပြီး ၆ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၃ ဦး ရှိခဲ့ရာမှ ၁ ဦး ထပ်မံ သေဆုံးသွားခဲ့သဖြင့် စုစုပေါင်း သေဆုံးသူ ၇ ဦးထိ ရှိခဲ့ပြီး ပွန်းပဲ့ဒဏ်ရာ ရရှိသူ ၄ ဦး ရှိခဲ့ကြောင်း သိရသည်။(Xinhua)