Connect with us

Environment, Disasters & Accidents

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ စေတီပုထိုးများအား အလျင်စလို မပြုပြင်ဘဲ သေချာ စီမံရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် မှာကြား

ပုဂံသို့ရောက်ရှိလာသည့် နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် အဖွဲ့အား တွေ့ရစဉ်(ဓာတ်ပုံ-U Zaw Htay)

ရန်ကုန် ၊ သြဂုတ် ၂၅ ရက်(ဆင်ဟွာ)

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ စေတီပုထိုး ၁၈၇ ဆူကို အလျင်စလို မပြုပြင်ဘဲ ယူနက်စကို၏နည်းပညာ အကူအညီဖြင့် လုပ်ငန်း အစီအစဉ်များ Work Plan ပြုလုပ်၍ သေချာစီမံရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားထားကြောင်း နိုင်ငံတော် သမ္မတရုံးထံမှ သတင်းရရှိသည်။

ယခုအခါတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးနှင့် ဆောက်လုပ်ရေးဝန်ကြီးတို့ လိုက်ပါလျက် ပုဂံသို့ရောက်ရှိနေပြီး ငလျင်ဒဏ်သင့် နေရာများသို့သွားရောက်နေကြောင်း နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆင်ဟွာသို့ပြောကြားသည်။
ထို့ပြင် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ပုဂံဒေသ ဘုရားပုထိုးစေတီများ ပြန်လည် ထိန်းသိမ်ရေး ကိစ္စများကို ဆက်လက်ဆောင်ရွက်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုသည် ညောင်ဦးခရိုင်ထွေအုပ်ရုံး၌ ဌာနဆိုင်ရာအသီးသီးကတာဝန်ရှိသူများ၊အသိပညာရှင် အတတ်ပညာရှင်များနှင့် အစည်းအဝေး ပြုလုပ်လျက် ရှိကြောင်း သိရသည်။
ထို့အတူ မြေငလျင်သင့်ဒေသများသို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပြီး ဒေသခံပြည်သူများ၊ ပရဟိတ လူငယ်များ၊ လူမှုအဖွဲ့အစည်းများနှင့် အလှူရှင်များကလည်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.