Environment, Disasters & Accidents
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့၏ အနောက်တောင်ဘငက် ၁၂ မိုင်ခန့်အကွာတွင် အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား
ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၄၉)မိုင်ခန့် ကွာဝေးသောစစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြိ့ု၏ အနောက်တောင်ဘက် (၁၂)မိုင်ခန့်အကွာ တွင် အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ရှားသွားကြောင်းမိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
အဆိုပါငလျင်သည် သြဂုတ်လ (၁၈) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၈)နာရီ၊ (၃၃)မိနစ်၊ (၅၀)စက္ကန့် အချိန်တွင်လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း၊ အနက်(၅၃) ကီလိုမီတာကို ဗဟိုပြု၍လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း၊ ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။ (Xinhua)