Connect with us

Environment, Disasters & Accidents

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၁၀၀/၂-၃)ကြား၌ မျိုးဆက်သစ် Express ခရီးသည် တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ပေါ်သို့ရောက်ရှိ တိမ်းမှောက်

မျိုးဆက်သစ် Express ခရီးသည် တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ပေါ်သို့ရောက်ရှိ တိမ်းမှောက်စဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၁၀၀/၂-၃)ကြား၌ ခိုင်ဦး(၄၃)နှစ်မောင်းနှင်ပြီး လူ၂၆ ဦး (ကျား ၁၆၊ မ ၁၀) လိုက်ပါလာသည့် 1N/xxxx “မျိုးဆက်သစ်” Express ခရီးသည် တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ပေါ်သို့ရောက်ရှိ တိမ်းမှောက်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

၎င်းမော်တော်ယာဉ်သည် သြဂုတ်လ ၁၇ ရက်နေ့ ၁၆း၁၀နာရီအချိန် တိမ်းမှောက်ခဲ့ဖြင်းဖြစ်ပြီး လူ၂၀ ဦး(ကျား ၁၂၊ မ ၈) တို့တွင် ဦးခေါင်း၊ ခါး၊ နဖူး၊ လက်၊ ခြေထောက် ပွန်းပဲ့နာကျင်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိ၍ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ကြောင်း သိရသည်။

၁၈း၄၀နာရီ အချိန်တွင် ယာဉ်မောင်း ခိုင်ဦးအား ဖြူးအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၁၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈(ပေါ့လျော့မှုကြောင့် သာမန်/ပြင်းထန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.