Environment, Disasters & Accidents
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၏ အနောက်တောင်ဘက် (၁၁) မိုင်ခန့် အကွာ တွင် အင်အား ၃.၈ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၏ အနောက်တောင်ဘက် (၁၁) မိုင်ခန့် အကွာ မြောက်လတ္တီတွဒ် (၂၃.၅၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၂၈)ဒီဂရီ၊ ဗဟိုချက် အနက် (၂၀)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်တာစကေး (၃.၈) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
အဆိုပါငလျင်သည် နိုဝင်ဘာလ (၂၁)ရက်နေ့ မြန်မာစံတော်ချိန် (၀၉)နာရီ (၁၈)မိနစ် (၄၅)စက္ကန့် အချိန်တွင်လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)