Environment, Disasters & Accidents
ညောင်ဦး နှင့် ပခုက္ကူမြို့တို့တွင် မြစ်ရေမြင့်တက်နိုင်ကြောင်း သတိပေးချက်ထုတ်ပြန်
ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)
ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့တွင် (၂)ပေခန့်နှင့် ညောင်ဦးမြို့တို့တွင် (၃)ပေခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်နေပြီး နောက်(၁)ရက်အတွင်း ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် (၃)လက်မခန့်စီ ဆက်လက်မြင့်တက်လာနိုင်ကာ ယင်းမြို့ များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ယနေ့မြန်မာစံတော်ချိန်(၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး နောက်(၃)ရက်အတွင်း (၂)ပေခန့် ဆက်လက် မြင့်တက်လာနိုင် ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ ပခုက္ကူမြို့နယ်၊ ညောင်ဦးမြို့နယ်နှင့် ဟင်္သာတမြိုနယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန်မိုးဇလ မှ သတိပေးချက်ထုတ်ပြန်သည်။ (Xinhua)