Connect with us

Environment, Disasters & Accidents

တောင်ဒဂုံမြို့နယ်၌ ဆီဘောက်ဆာယာဉ် တိမ်းမှောက် မီးလောင်မှု ဖြစ်ပွား

ဆီဘောက်ဆာယာဉ် မီးလောင်မှုအား ငြိမ်းသတ်နေမှုများအား တွေ့ရစဉ်(ဓာတ်ပုံ-Yangon Police)

ရန်ကုန် ၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ)

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ဆီဘောက်ဆာ ယာဉ် တစ်စီးသည် ယနေ့ သြဂုတ် ၂၂ ရက် ည ၉ နာရီ ၄၅ မိနစ် အချိန်တွင် တိမ်းမှောက်၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။

ထိုမီးလောင်မှုအား Level 4 အဆင့်ထိ သတ်မှတ် ငြိမ်းသတ်နေရာ ည ၁၁ နာရီ အချိန်ခန့်တွင် မီးငြိမ်းသွားကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာနမှ သိရသည်။ဆီဘောက်ဆာယာဉ် တိမ်းမှောက်ကာ မီးလောင်နေကြောင်းသတင်းအရ မီးသတ်ယာဉ်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိငြှိမ်းသတ်လျက်ရှိပြီး ရဲတပ်ဖွဲ့ဝင်များက ၎င်းနေရာအနီးတဝိုက်တွင် လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.