Connect with us

Environment, Disasters & Accidents

တရားလွှတ်တော် ရှေ့နေ ဦးကိုနီ ရန်ကုန်လေဆိပ်တွင် သေနတ်နှင့် ပစ်သတ်ခံရ၊ သေနတ်သမားအား ဖမ်းဆီးစစ်ဆေး

တရားလွှတ်တော် ရှေ့နေ ဦးကိုနီအားတွေ့ရစဉ် (ဓာတ်ပုံ-ဦးကိုနီ Facebook)

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ပြည်ပဆိုက်ရောက်တွင် သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေနတ်သမားအား ဖမ်းဆီးစစ်ဆေးနေကြောင်း နိုင်ငံတော် သမ္မတရုံး၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆင်ဟွာသို့ ပြောကြားသည်။

“လုပ်ကြံတဲ့လူက အနီးကပ်ပစ်ပြီး သေနတ် တစ်ချက်ဖောက်ပြီး ထွက်ပြေးတာ၊ လေဆိပ်က ရဲနဲ့ ပြည်သူဝိုင်းဖမ်းတာ မိထားတယ်။ ခု လေဆိပ်ရဲစခန်းမှာ စစ်ဆေးနေပါတယ်”ဟု ၎င်းက ဆိုသည်

လက်ရှိ ဦးကိုနီ အလောင်းအား မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ထားသည်။

နေ့လယ် ၃း၁၅ နာရီ စင်္ကာပူလေကြောင်းလိုင်းဖြင့် (စင်္ကာပူ ထရန်စစ်) ရန်ကုန် ပြန်လာသော NLD၏ ဥပဒေ အကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီသည် ယနေ့ ညနေ ၅နာရီကျော်က ရန်ကုန်လေဆိပ် တက်စီစတန်း၌ ခေါင်းကို သေနတ်နှင့် အနီးကပ် ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က အတည်ပြုပြောကြားသည်။

ဦးကိုနီသည် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့နှင့် အင်ဒိုနီးရှားနိုင်ငံသို့ လေ့လာရေးခရီး လိုက်ပါသွားခဲ့ပြီး ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိ ချိန်တွင် လုပ်ကြံခံခဲ့ရကြောင်း ဦးဇော်ဌေးက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.