Connect with us

Environment, Disasters & Accidents

ဖားကန့်မြို့အနီး အင်အား ရစ်(ခ်)တာစကေး ၄.၃ အဆင့်ရှိ မြေငလျင်လှုပ်

ဖားကန့် မြို့ အနီး လှုပ်ရှားသွားသော မြေငလျင်၏ ဗဟိုချက်ပြ မြေပုံ(ဓာတ်ပုံ- မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန)

ရန်ကုန် ၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ပြည်တွင်း ဖားကန့်မြို့၏ အရှေ့မြောက်ဘက် မိုင်(၃၀)ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၃)အဆင့်ရှိသော အင်အား အနည်းငယ်ရှိသော မြေငလျင် တစ်ခု ယနေ့ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းတွင် လှုပ်ရှား သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

မြန်မာစံတော်ချိန် ၄ နာရီဝန်းကျင်ခန့်အချိန်တွင် မန္တလေး မြေငလျင် စခန်းမှ မြောက်ဘက် မိုင် ၂၇၀ ခန့် ကွာဝေးသော ဖားကန့်မြို့၏ အရှေ့မြောက်ဘက် မိုင်(၃၀)ခန့်အကွာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.