Environment, Disasters & Accidents
တီးတိန်မြို့နယ်၌ ကြိုးတံတားပြတ်ကျမှုဖြစ်ပွား
ရန်ကုန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)
တီးတိန်မြို့နယ်၊ အနောက်ဘက် (၇)မိုင်ခန့်အကွာ တီးတိန်-ရိဒ်သွား ကားလမ်း အရှည်(၃၆၀)ပေ၊ အကျယ်(၂၀)ပေရှိ မံဆောင်းကြိုးတံတား၏ ဝဲဘက်ခြမ်းရှိ တံတားကြမ်းပြင်နှင့် အပေါ်ဆိုင်းကြိုးထောက်ထား သည့် တိုင်အမှတ်(၉)မှ ဆိုင်းကြိုး(၁)ချောင်းပြတ်ကျသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။
၎င်းကြိုးတံတားပြတ်ကျမှုသည် ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ရး၀၀ နာရီ အချိန် တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါကြိုးတံတားပြတ်ကျသွားသည့်အတွက် ယာဉ်ငယ်များသာ ဖြတ်သန်းသွားလာခွင့် ပြုပြီး ယာဉ်ကြီးများအား ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထား ကြောင်းနှင့် လမ်းဦးစီးဌာနမှ ပြုပြင်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)