Connect with us

Environment, Disasters & Accidents

တောင်ငူ မြို့နယ်၌ ယာဉ်တိုက်မှုကြောင့် ရဲအုပ် ၁ ဦး နှင့် အရပ်သား ၂ ဦး သေဆုံး

ကရိန်းတင်ယာဉ်နှင့် Toyota Hilux Surf ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိမှု မှတ်တမ်းဓာတ်ပုံ(ဓာတ်ပုံ- Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ နိုဝင်ဘာ ၂၇ ရက်(ဆင်ဟွာ)

တောင်ငူမြို့နယ် အတွင်း ရန်ကုန်-မန္တလေး ပုံမှန်ကားလမ်း မိုင်တိုင်(၁၈၂/၅-၆)ကြား၌ ယာဉ်တိုက်မှု ဖြစ်ပွား ခဲ့ရာ တောင်ငူခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ် ၁ ဦး နှင့် အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

တောင်ငူမြို့နယ် ဇရပ်ကြီးကုန်းရွာ လှရတနာ ဆီဆိုင်ရှေ့ ရန်ကုန်-မန္တလေး ပုံမှန်ကားလမ်း မိုင်တိုင်(၁၈၂/၅-၆)ကြား၌ တောင်ငူမှ ရေတာရှည်သို့ မောင်းနှင်လာသည့် ကရိန်းတင်ယာဉ်နှင့် Toyota Hilux Surf ယာဉ်တို့ သည် နိုဝင်ဘာ ၂၆ ရက်တွင် မျက်နှာချင်းဆိုင်တိုက်မိခဲ့ကြောင်း သိရသည်။

ထိုယာဉ်တိုက်မှုကြောင့် Toyota Hilux Surf ယာဉ်မှ ယာဉ်မောင်း ၊ တောင်ငူခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ် နှင့် ကရိန်းတင်ယာဉ်မှ အရပ်သား ၁ ဦး တို့သည် ယာဦးခေါင်း၊ ရင်အုံ ပေါက်ပြဲ၊ ရင်ဘတ်ချိုင့် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် သေဆုံးခဲ့သည့် တောင်ငူခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ်သည် ကျွန်းကုန်းကျေးရွာရှိ နေမကောင်း ဖြစ်နေသော သားဖြစ်သူထံ သွားရောက်ခဲ့ပြီး အပြန်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။

ထိုကြောင့် ကျွန်းကုန်း နယ်မြေရဲစခန်းမှ ကရိန်းတင်ယာဉ်နှင့် Toyota Hilux Surf ယာဉ် မောင်းနှင်သူများအား ယာဉ်(ပ) ၁၄/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်/ သာမာန် နာကျင်စေမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.