Environment, Disasters & Accidents
ပင်လောင်းမြို့၌ ဆင်နင်းခံရ၍ ဆင်ထိန်း တစ်ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
ပင်လောင်းမြို့နယ်တွင် စက်တင်ဘာ ၁ရက် နံနက် ၈နာရီအချိန်တွင် ဆင်နင်းခံရ၍ ဆင်ထိန်းတစ်ဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
သစ်ကွင်းအမှတ်(၁၀၅)၊ ဖိုကုန်းနယ်မြေရဲစခန်း၏အနောက်ဘက် ၃၀ မိုင်ခန့် အကွာ၌ စွယ်စုံဆင် (၁) ကောင်အား ထိန်းကျောင်းနေစဉ် ၎င်းဆင်သည်မုန်ယိုပြီး အစွယ်ဖြင့်ထိုးကာ ခြေထောက်ဖြင့် နင်းခြင်းများ ပြုလုပ်ခဲ့ရာ ဆင်ထိန်းသည် နောက်စေ့/ရင်အုပ်/ဆီးခုံ ပေါက်ပြဲဒဏ်ရာ များဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။အဆိုပါ သေဆုံးမှုအား ဖိုကုန်းနယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်(၄/ ၂၀၁၈)ဖြင့် ရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။