Connect with us

Environment, Disasters & Accidents

တနင်္သာရီတိုင်းအတွင်းရှိ ယာယီပိတ်ထားခဲ့သော ကျောင်းများအနက် (၄၆)ကျောင်း ပြန်လည်ဖွင့်လှစ်

တနင်္သာရီတိုင်းအတွင်းရှိ ရေ၀င်နေသော ကျောင်းများအားတွေ့ရစဉ်(MOI)

ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း (တတိယအကြိမ်) တနင်္သာရီ မြစ်ရေကြီးမှုကြောင့် ယာယီပိတ်ထားခဲ့သော ကျောင်းများအနက် ကျောင်း (၄၆)ကျောင်း ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

ကျေးရွာ/ရပ်ကွက်အသီးသီးရှိ အခြေခံပညာကျောင်းများ ရေကြီး နစ်မြုပ်လျက် ရှိပြီး ကျောင်းသူ၊ကျောင်းသားများအား မလိုလားအပ်သော အန္တရာယ် များ မဖြစ်ပွားစေရန်အတွက် သြဂုတ်လ (၂ဝ) ရက်နေ့ ညနေ(၄)နာရီ အချိန်မှစ၍ ရပ်ကွက်/ ကျေးရွာအသီးသီးမှ အခြေခံပညာ ကျောင်းပေါင်း(၄၈)ကျောင်းအား ယာယီပိတ်ထား ခဲ့ရကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

ယခုအခါ တနင်္သာရီမြစ်ရေသည် ယမန်နေ့ နံနက်(၉) နာရီတွင် (၁၉ပေ၆လက်မ) အထိ မြစ်ရေ ပြန်ကျနေပြီဖြစ်သည့်အတွက် မြစ်ရေကြီးမှုကြောင့် ယာယီပိတ်ထားခဲ့ရသည့် အခြေခံပညာ ကျောင်းပေါင်း (၄၈) ကျောင်းအနက်မှ ယနေ့နံနက်(၉)နာရီအချိန်မှစ၍ (၄၆)ကျောင်းအား ပြန်လည်ဖွင့်လှစ်သင်ကြားနေပြီ ဖြစ်ကြောင်းနှင့် ကျောက်တလုံးကျေးရွာ အုပ်စု၊ အ.မ.က – မြေမအုံ ကျေးရွာနှင့် ပဝကျေးရွာအုပ်စု၊ အ.မ.က – သက္ကယ်ကျော်ကျေးရွာ (ကျောင်းနှစ်ကျောင်း)သာ မြစ်ရေအခြေအနေအရ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.