Connect with us

Environment, Disasters & Accidents

ရေဘေး ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၃၁ ဦးရှိ

ပဲခူးမြို့တွင်းရေကြီးရေလျှုံဖြစ်ပေါ်နေမှုအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)

မြန်မာ နိုင်ငံ အတွင်း ဇူလိုင်လ နှင့် သြဂုတ်လ များတွင် ရေကြီးရေလျှံ ဖြစ်ပွားမှုကြောင့် စက်တင်ဘာ ၂ ရက် အထိ သေဆုံး သူ ၃၁ ဦးထိ ရှိလာခဲ့ကြောင်း အမျိုးသား သဘာ၀ ဘေးအန္တရာယ် ဆိုင်ရာ စီမံ ခန့်ခွဲမှု ကော်မတီ နှင့် လူမှု ဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန တို့မှ ထုတ်ပြန်ထားသော စာရင်းများ အရ သိရသည်။

ရေဘေး ဖြစ်ပွားမှုကြောင့် ပဲခူးတိုင်းဒေသကြီးတွင် ၉ ဦး ၊ မွန်ပြည်နယ်တွင် ၆ ဦး နှင့် တနသာၤရီ တိုင်းဒေသကြီး တို့တွင် ၅ ဦး ၊ ကရင် ပြည်နယ်တွင် ၄ ဦး ၊ မကွေးတိုင်းဒေသကြီး တို့တွင် ၃ ဦး တို့အများဆုံး သေဆုံးမှု ရှိခဲ့ကြောင်း ထုတ်ပြန်ထားသော စာရင်းများ အရ သိရသည်။ရေဘေး ဖြစ်ပွားမှုကြောင့် ဇူလိုင်လ နှင့် သြဂုတ်လ အတွင်း ရေဘေးသင့် စခန်း ၄၈၇ ခု ဖွင့်လှစ်ခဲ့သည့် အနက် ၃၅၁ ခု ပိတ်သိမ်းခဲ့ပြီး လက်ရှိတွင် စခန်း ၁၃၆ ခုတွင် လူဦးရေ ၆၂၄၃၅ ဦး ယာယီ ပြောင်းရွှေ့နေထိုင်လျက် ရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117