Environment, Disasters & Accidents
ပုဂံရှေးဟောင်းဘုရားပုထိုးများပေါ် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ တက်ရောက်ခြင်းမပြုရန် ထုတ်ပြန်ကြေညာ
မန္တလေး၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းရှိ ရှေးဟောင်းဘုရားပုထိုးများပေါ် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ တက်ရောက်ခြင်းမပြုရန် နှင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၇ ရက်နေ့စွဲဖြင့်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ပုဂံယဉ်ကျေးမှုအမွေအေနှစ်ဒေသရှိ ရှေးဟောင်းဘုရားပုထိုးများပေါ်မှ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း နိုင်ငံခြားသား ၈ ဦးပြုတ်ကျခဲ့ပြီး ၂ဦးသေဆုံးခဲ့ကာ ၆ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပူးပေါင်းအဖွဲ့များအနေဖြင့် ရှေးဟောင်းအဆောက်အအုံ များပေါ်သို့ခရီးသွားများ တက်ရောက် မှုမရှိစေရေး ယဉ်ကျေးမှုနယ်မြေအတွင်း အမြဲမပြတ်လှည့်လည်ကြီးကြပ် တားမြစ်ဆောင်ရွက် လျက်ရှိကြောင်းနှင့် ဘုရားပေါ်သို့ မတက်ရောက် စေရန်အတွက် သတိပေးနှိုးဆော်ချက် ဆိုင်းဘုတ် များကိုလည်း (မြန်မာ/အင်္ဂလိပ်) နှစ်ဘာသာဖြင့် ပြည်တွင်း/ ပြည်ပဧည့်သည် အများအပြား လာရောက်လေ့လာ လျက်ရှိသော နေရာများ၊ အခြား သင့်လျော်သည့် နေရာများတွင် စိုက်ထူထားရှိပြီး မကြာခဏ အသိပညာ ပေးရေး လုပ်ငန်း များလည်း ဆောင်ရွက်လျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံများသည် သက်တမ်းအားဖြင့် နှစ်ကာလကြာမြင့်နေသော အုတ်အဆောက်အအုံများ ဖြစ်သောကြောင့် ဘုရားပေါ်သို့ တက်ရောက်သူများအနေဖြင့် ဘေးအန္တရာယ် ရှိနိုင်သည့် အတွက် တက်ရောက်ခြင်းမပြုကြပါရန် နှင့် နယ်မြေဒေသအတွင်း ကျယ်ပြန့်စွာတည်ရှိ နေသည့် ရှေးဟောင်းအမွေအနှစ်များပေါ်သို့ တက်ရောက်ခြင်းမပြုကြရန် ပြည်သူများမှ ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးကြပါရန် မေတ္တာရပ်ခံအပ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)