Connect with us

Environment, Disasters & Accidents

မင်္ဂလာတောင်ညွန့်မြို့နယ် ၉၇ လမ်းရှိတိုက်ခန်း မီးလောင်မှုတွင် ကလေးငယ်တစ်ဦးအပါအဝင် ၃ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိ

မင်္ဂလာတောင်ညွန့်မြို့နယ် ၉၇ လမ်းရှိ တိုက်ခန်းတစ်ခန်း မီးလောင်မှုအား မီးငြှိမ်းသတ်စဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်၊ (၉၇)လမ်းရှိ တိုက်ခန်းတစ်ခန်း၌ယနေ့(ဖေဖော်ဝါရီ ၁၉ ရက်)နေ့လည် ၁၁နာရီ ၅၀မိနစ်တွင် မီးလောင်မှုဖြစ်ပွားရာ ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောသည်။

” ကလေးငယ် ကျား တစ်ဦးနဲ့ အမျိုးသမီးကြီး ၂ ဦး သေဆုံးတယ် ၊ ဆုံးရှုံးမှု တန်ဖိုးတွေ တွက်နေဆဲပါ။ နေအိမ်နေ ၄ယောက်မှာ တစ်ယောက်လွတ်သွားတယ်” ဟု ၎င်းက ဆိုသည်။ယင်း မီးလောင်ကျွမ်းခဲ့သည့် နေအိမ်သည် တိုက်၏ ပထမထပ်တွင် တည်ရှိပြီး သေဆုံးသူ (၃) ဦးသည် မီးစတင်လောင်ကျွမ်းစဉ် ရေချိုးခန်းအတွင်း ဝင်ရောက်ပုန်းနေရာမှ မီးခိုးများမွှန်ကာ သတိမေ့လဲပြီး မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရရှိသူအမျိုးသမီးတစ်ဦးသည်မီးခိုးကြောင့် အသက်ရှုကြပ်မှုဖြစ်ပေါ်ခဲ့ပြီး လက်ရှိ အခြေတွင်အနေမစိုးရိမ်ရကြောင်၊လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်) ဥက္ကဋ္ဌ ဖြစ်သူ ဦးထွန်းထွန်းဦးက ဆင်ဟွာသို့ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကို မီးသတ်ဦးစီးဌာနက Level 1 သတ်မှတ် မီးငြှိမ်းရာ နေ့လည် ၁၂နာရီ၁၇ မိနစ်တွင် မီးငြိမ်းသွားကြောင်း  မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကသတင်း ထုတ်ပြန်ထားသည်။” မီးလောင်တဲ့အိမ်ထဲကနေ လက်ကလေးထုတ်ပြီးအကူအညီတောင်းနေတာ၊ ရပ်ကွက်ကလူတွေလဲကူညီပေမယ့် မမှီလိုက်ဘူး”ဟု မီးလောင်ကျွမ်းသည့် နေအိမ်အားကူညီသော မျက်မြင်သက်သေတစ်ဦးက ဆိုသည်။(Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117