Environment, Disasters & Accidents
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်မီးတိုင်များနှင့် နေအိမ် ၃၇ လုံး ပျက်စီး
ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ)
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်၌ မေလ ၁၉ ရက် ည ၆ နာရီအချိန်က လေပြင်းတိုက်ခတ် မှုကြောင့် လျှပ်စစ်မီးတိုင်များ၊ နေအိမ် ၃၇ လုံး၊ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတို့ အမိုးလန် ပျက်စီးပြိုလဲခဲ့ကြောင်း သိရသည်။
အဆိုပါအချိန်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ချောင်းရင်းကျေးရွာအုပ်စု ငါးကြီးအိုင် ကျေးရွာနှင့် မိချောင်းကူး ကျေးရွာများသို့ ဆက်သွယ်စိုက်ထူထားသည့် လျှပ်စစ်မီး ကွန်ကရစ် ဓာတ်တိုင် ၁၂ တိုင်၊ ငါးကြီးအိုင် ကျေးရွာတွင် နေအိမ် လေးလုံး ပြို၊ ၂၆ လုံးအမိုးလန်၊ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတို့ အမိုးလန်ပျက်စီးခဲ့သည်။ ထို့ပြင် ချောင်းကျိုးကျေးရွာ အုပ်စု ချောင်းကျိုးကျေးရွာတွင် နေအိမ် နှစ်လုံးပြိုကာ ငါးလုံးအမိုးလန်ပျက် စီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ (Xinhua)