Connect with us

Environment, Disasters & Accidents

အနောက်တောင်မုတ်သုံလေ ဝင်ရောက်နိုင်မည့် နေ့ရက်များအားမိုးဇလထုတ်ပြန်

၂၀၁၉ ခုနှစ် မေလ တတိယ ၁၀ရက် ပတ်အတွက် ခန့်မှန်းချက်ပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ၂၁ ရက် (ဆင်ဟွာ)

အနောက်တောင်မုတ်သုံလေသည်မေလ(၂၁-၂၃)ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများ သို့လည်းကောင်း၊မေလ(၂၄-၂၈)ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများသို့လည်းကောင်း၊မေလ (၂၉)ရက်နေ့မှဇွန်လ(၃)ရက်နေ့အတွင်းမြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့လည်းကောင်းဝင်ရောက်နိုင် ကြောင်း ၂၀၁၉ ခုနှစ် မေလ တတိယ ၁၀ရက် ပတ်အတွက် ခန့်မှန်းချက်အား မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။

ယင်းကာလအတွင်းအနောက်တောင်မုတ်သုံလေသည်အားအသင့်အတင့်ရှိနိုင်ကြောင်း၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင်လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်တိမ်အသင့်အတင့်မှတိမ်ထူထပ်နိုင်ပြီး၊ကျန်ဘင်္ဂလားပင်လယ်အော်တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ကြောင်း သိရသည်။

မိုးရွာသွန်းမှုအခြေအနေမှာစစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်ရွာသွန်းမြဲခန့်ရွာနိုင်ကြောင်း မိုးဇလ ၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် (၆)ရက်မှ (၈)ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ချင်းပြည်နယ်နှင့်ရှမ်းပြည်နယ်၊ကယားပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်(၃)ရက်မှ(၅)ရက်ခန့်မိုးထစ်ချုန်းရွာနိုင် ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနှင့်ရန်ကုန်တိုင်းဒေသကြီးတို့တွင်မေလပျမ်းမျှအပူချိန်တို့၏ (၁.၅)ဒီဂရီစင်တီဂရိတ် (သို့မဟုတ်) (၃၅)ဒီဂရီဖာရင်ဟိုက်နှင့်အထက်ပိုနိုင်ပြီး၊စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်မေလ၏ပျမ်းမျှအပူချိန်တို့ခန့်သာရှိနိုင်ကြောင်း မိုးဇလ ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.