Connect with us

Environment, Disasters & Accidents

ရခိုင်ပြည်နယ်အတွင်း အင်အား ၄.၁အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်

ငလျင်လှုပ်ခတ်ရာပြ ဇယားအားတွေ့ရစဉ်(မိုးဇလ)

ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် အမ်းမြို့နယ်၏ အရှေ့တောင်ဘက် မိုင်(၂၀)ခန့်အကွာ၌ ယနေ့ မေ ၂၀ ရက် မြန်မာစံတော်ချိန် (၀၇)နာရီ၊ (၅၀)မိနစ်၊ (၀၀)စက္ကန့် အချိန်တွင် အင်အား ၄.၁အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

စစ်တွေမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၉၉)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (အမ်းမြို့၏ အရှေ့တောင်ဘက် မိုင်(၂၀)ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၉.၆၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၃၁) ဒီဂရီ၊ အနက် (၁၀၅) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.