Connect with us

Environment, Disasters & Accidents

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့အနီး နောက်ဆက်တွဲ မြေငလျင် အဖြစ် အင်အား ရစ်(ခ်)တာ စကေး ၄.၃ အဆင့်ရှိ မြေငလျင် လှုပ်ခတ်

ဖြူးမြို့ အနီးနောက်ဆုံး နောက်ဆက်တွဲ လှုပ်ခတ်ခဲ့သည့် မြေငလျင် ဗဟိုချက်ပြ မြေပုံအား တွေ့ရစဉ်(ဓာတ်ပုံ-မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန)

ရန်ကုန် ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့အနီး ဗဟိုပြု၍ နောက်ဆက်တွဲ မြေငလျင် အဖြစ် အင်အား ရစ်(ခ်)တာ စကေး (၄.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ၊ မြေငလျင် ဌာနခွဲမှ သတင်း ထုတ်ပြန်ခဲ့သည်။

ယခု လှုပ်ခတ်ခဲ့သည့် မြေငလျင်မှာ ဇန်နဝါရီ ၁၂ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားရစ်(ခ်)တာစကေး(၆.ဝ)အဆင့်ရှိ မြေငလျင်၏ နောက်ဆက်တွဲ မြေငလျင် ဖြစ်ကြောင်း ၊ ထိုနေရာ တစ်လျောက် လှုပ်ခတ်ခဲ့သည့် မြေငလျင်မှာ စုစုပေါင်း ၈ ကြိမ်ထိ ရှိလာခဲ့ကြောင်း မြေငလျင် ဌာနခွဲမှ သိရသည်။

ထိုမြေငလျင်သည် ပဲခူးရိုးမ အတွင်း ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ထိခိုက်ပျက်စီး ဆုံးရှုံးမှု သတင်း မရရှိကြောင်း မြေငလျင် ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ဇန်နဝါရီ ၁၃ ရက် မြန်မာစံတော်ချိန် (၂၀)နာရီ (၂၁)မိနစ် (၂၅)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်ဘက်(၁၀၈)မိုင်ခန့် ကွာဝေးသော ဖြူးမြို့၏ အနောက်-အနောက်တောင်ဘက် (၁၆) မိုင်ခန့်အကွာကို ဗဟိုပြု၍ လှုပ်ခတ်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.