Connect with us

Environment, Disasters & Accidents

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ အနီး မြေငလျင် နှစ်ကြိမ် ဆက်တိုက် လှုပ်ခတ်

ဖြူးမြို့ အနီး လှုပ်ခတ် သွားခဲ့သည့် မြေငလျင် တည်နေရာအား တွေ့ရစဉ်(ဓာတ်ပုံ-မိုး/ဇလ)

ရန်ကုန် ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ အနီး ယနေ့ ညပိုင်း အချိန်တွင် အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု နှင့် အင်အား အနည်းငယ်ရှိသော မြေငလျင် တစ်ခု တို့သည် အချိန် အနည်းငယ် အတွင်း ဆက်တိုက် လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်မှုများ အရ သိရသည်။

ဖြူးမြို့၏ အနောက်တောင်ဘက် (၂၅)မိုင်ခန့်တွင် မြန်မာစံတော်ချိန် (၁၉)နာရီ (၅၁)မိနစ် (၂၂)စက္ကန့် အချိန်တွင် အင်အား ရစ်(ခ်)တာ စကေး (၅.၁)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် အင်အားရစ်တာစကေး(၄.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုသည် မြန်မာစံတော်ချိန် (၂၀)နာရီ (၁၂)မိနစ် (၃၆)စက္ကန့် အချိန်တွင် ထပ်မံ လှုပ်ခတ် သွားခဲ့ကြောင်း သိရသည်။ထိုမြေငလျင်များသည် ယခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် ပဲခူးရိုးမအတွင်း၌ ပြင်းအား ပမာဏ ၆.၀ ရှိ ငလျင်လှုပ်ပြီးနောက် နောက်ဆက်တွဲ လှုပ်ခတ်ခဲ့သည့် ငလျင်များ ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.