Connect with us

Environment, Disasters & Accidents

မွန်ပြည်နယ်၌ ပြည်သူ ၇၄ဝဝ ကျော် ရေဘေးရှောင်ခဲ့ရ

ရေဘေးရှောင်ပြည်သူများအားကူညီမှုများဆောင်ရွက်နေစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ဇွန် ၁၆ ရက် နှင့် ၁၇ ရက်က မိုးရေချိန် ၁၃.၇ လက်မထိ ရွာသွန်းခဲ့ရာ အဆိုပါမိုးကြောင့် အိမ်ထောင်စု ၂၂၁ဝ စု၊ အိမ်ခြေ ၃၅ဝ၅၊ စုစုပေါင်း လူဦးရေ ၇၄ဝဝ ကျော်တို့ ရေဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

အဆိုပါ ရေဘေးရှောင်ပြည်သူများကို ကယ်ဆယ်ရေးစခန်း ၃၈ ခုတွင် နေရာချထားခဲ့ရပြီး တစ်ဦးလျှင် ငွေကျပ် ၂၁ဝဝ နှုန်းဖြင့် ငွေကျပ် ၁၅၅ သိန်းကျော် ကူညီထောက်ပံ့ပေးထားကြောင်း မွန် ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ သိရသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့မှ ရရှိသည့် သတင်းအချက်အလက်များအရ ဘုရား၊ ကျောင်း၊ လူနေအိမ်၊ လမ်းတံတား ပျက်စီးဆုံးရှုံးမှု တန်ဖိုးငွေကျပ် သိန်း ၆၄၄၁ ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

မွန်ပြည်နယ်သည် ဇွန်လအတွက် ဒုတိယ ၁ဝ ရက်ပတ်အတွင်း ရွာသွန်းမြဲ ထက် မိုးပိုမည်ဟု ခန့်မှန်းထားပြီး တတိယ ၁ဝ ရက်ပတ်တွင် ရွာသွန်းမြဲခန့်ဆက်လက် ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလ ဗေဒòန်ကြားမှုဦးစီးဌာန နေပြည်တော်မှ ထုတ်ပြန်ချက်များအရ သိရသည်။ မွန်ပြည်နယ်သည် ၂ဝ၁၆ ခုနှစ် သြဂုတ် လနှင့် ၂ဝ၁၇ ခုနှစ် ဇူလိုင်လတို့မှာ မိုးရွာသွန်းမှု အများဆုံးလများ ဖြစ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.