Connect with us

Environment, Disasters & Accidents

ပြင်ဦးလွင်ဒေသ အကြမ်းဖက်မှု ပြည်သူ သုံးဦးအပါအဝင် ၁၅ ဦးသေဆုံး

နိုင်ငံတော် သမ္မတရုံး ပြောရေး ဆိုခွင့်ရ ဦးဇော်ဌေး ရှင်းလင်း ဖြေကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ)

၂၀၁၉ သြဂုတ်လ ၁၅ ရက်နေ့၌ ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်များတွင် AA, TLNA, MNDAA လက်နက်ကိုင်အဖွဲ့များ ဝင်ရောက် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ သုံးဦး သေဆုံးပြီး တပ် မတော်သား အရာရှိ စစ်သည် ကိုးဦး၊ ရဲတပ်ဖွဲ့ဝင် သုံးဦး ကျဆုံးခဲ့ကြောင်း၊ တပ်မတော်သား တစ်ဦး၊ ရဲတပ်ဖွဲ့ဝင် နှစ်ဦး၊ ပြည်သူ ၁၀ ဦး – စုစုပေါင်း ၁၃ ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း ယနေ့ ညနေပိုင်း ပြုလုပ်ခဲ့သော သမ္မတ အိမ်တော် news briefing ၌ နိုင်ငံတော် သမ္မတရုံး ပြောရေး ဆိုခွင့်ရ ဦးဇော် ဌေးက အတည်ပြု ပြောကြားခဲ့သည်။

အခြား ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်ပြီး တပ်မတော်ဘက်မှ နည်းပညာတက္ကသိုလ်ပျက်စီးဆုံးရှုံးမှု နှင့် ရဲတပ်ဖွဲ့မှ ဆုံးရှုံးသော လက်နက် ခဲယမ်းများမပါဘဲ တန်ဖိုးငွေ ကျပ် သိန်းပေါင်း ၂၈၂၁ သိန်း ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

သမ္မတအိမ်တော် news briefing ကျင်းပနေစဉ် (ဆင်ဟွာ)

“ဒီဖြစ်စဉ်ဟာ အကြမ်းဖက်လုပ်ရပ်တွေဖြစ်ပါတယ်၊ နောက်တစ်ခုက မူးယစ်ဆေးဝါး စစ်ဆေးတဲ့ ကိရိယာတွေ ပျက်စီးအောင် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာ ဖြစ်ပါတယ်၊ ပြင်ဦးလွင် တိုးလ်ဂိတ်မှာ တပ်ဆင်ထားတဲ့ X-rays စက်ဆိုရင် နိုင်ငံတော် သမ္မတကြီးရဲ့ ဦးစားပေး မူဝါဒ ဖြစ်တဲ့ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်း တစ်ရပ်အနေဖြင့် ဝယ်ယူ တပ်ဆင်ထားတာ ဖြစ်ပါတယ်၊ ဒီစက်ကို ဘာလို့ လက်နက်ကြီးနဲ့ ပစ်သလဲဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။

အဆိုပါ X-rays စက်ကို ၂၀၁၉ မေလ ၈ ရက်နေ့တွင် တပ်ဆင်ခဲ့ပြီး ထိုစက်တပ်ဆင်မှုကြောင့် ဘိန်းဖြူ ၄၉ ကီလို၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၈ ဒသမ ၅ သန်း သိမ်းဆည်း ရမိခဲ့ပြီး ဖြစ်ကြောင်း၊ handheld X-ray မူးယစ်ဆေး ရှာဖွေရေးကိရိယာ တစ်ခု၊ Density Meter သိပ်သည်းဆ တိုင်းတာ ရေး ကိရိယာ တစ်ခု။ Rigaku ဓာတုဗေဒ စမ်းသပ်ရှာဖွေရေး ကိရိယာ တစ်ခုတို့လည်း ရန်သူ့ နောက် သို့ပါသွားခဲ့ကြောင်း၊ တိုက်ပွဲများကြောင့် ဂုတ်တွင်းတံတား ထိခိုက်ပျက်စီးသွားသဖြင့် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန် သွယ်မှုအတွက် သွားနေသည့် ယာဉ်တန်းများ၊ တစ်ရက်လျှင် အသွားအပြန် ယာဉ်စီးရေ ထောင်ဂဏန်းခန့်ရှိသော ယာဉ်များ ပိတ်ဆို့ ရပ်တံ့လျက်ရှိကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် ယာဉ်များ သွားလာနိုင်ရေး အမြန်ဆောင်ရွက်လျက်ရှိရာ ကုန်ကားကြီးများ သွားနိုင်မည့် ဘေလီ တံတားကို ငါးရက်အတွင်း ပြီးစီးရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းက ပြောခဲ့သည်။

အဆိုပါ အကြမ်းဖက် လုပ်ရပ်သည် နိုင်ငံတော် အစိုးရက ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်ကို များစွာ ထိခိုက်စေကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသို့ လာရောက်ရန် မိမိတို့ လမ်းဖွင့် ထားကြောင်း၊ ငြိမ်းချမ်း ရေးကို အမှန်တကယ် လိုလားပါက နိုင်ငံရေး စိတ်ရင်းစေတနာ ရှိဖို့လို ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အောင်မြင်စေလိုလျှင် နိုင်ငံတော်က ဆောင်ရွက် နေသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ထိခိုက်စေရန်၊ အမြတ်ထုတ်ရန် ယခုကဲ့သို့ မလုပ်သင့် ပါကြောင်း၊ ငြိမ်းချမ်းရေးကို လက်နက်ကိုင် တိုက်ပွဲများဖြင့် ဖြေရှင်း၍ မရကြောင်းလည်း ၎င်းက ပြောခဲ့ သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.