Connect with us

Environment, Disasters & Accidents

မွန်ပြည်နယ်ရှိ မလတ်တောင်ပြိုကျမှုကြောင့် သေဆုံးသူ ၆၉ ဦးရှိ ရှာဖွေကယ်ဆယ်ရေး ဆက်လက်ဆောင်ရွက်

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်မြို့နယ်၌ တောင်ပြိုကျမှုအား ကယ်ဆယ်ရေးဆောင်ရွက်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

မွန်ပြည်နယ် ပေါင်မြို့နယ်၊ မုတ္တမ-သဲဖြူကုန်းကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာသွန်း၍ မလတ်တောင်ပြိုကျမှုကြောင့် သေဆုံးသူ ၆၉ ဦးရှိပြီး ရှာဖွေကယ်ဆယ်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။

တောင်ပြိုကျမှုအား ကယ်ဆယ်ရှာဖွေရာတွင် ယနေ့(သြဂုတ် ၁၆ ရက်) ညနေ ၃နာရီ ၃၇မိနစ်ထိ ရုပ်အလောင်း ၄လောင်းထပ်မံရရှိခဲ့သဖြင့် သေဆုံးသူ အမျိုးသား ၃၈ဦး၊ အမျိုးသမီး ၃၁ဦး စုစုပေါင်း ၆၉ ဦးရှိနေပြီ ဖြစ်ကြောင်း သိရသည်။သဲဖြူကုန်း မြေပြိုမူ ဖြစ်ပွားသည့်နေရာကို ကယ်ဆယ်ရေး၊ ရှာဖွေရေး၊ ရှင်းလင်းရေးကို လူအင်အား ၆၀၀ ခန့်ဖြင့်ဆောင်ရွက်ခဲ့ပြီး လက်ရှိ ရှင်းလင်းမူ ၉၀ ရာခိုင်နှုန်း ပြီးစီးလျက်ရှိကြောင်း၊ သေဆုံးသူများ၏ ရက်လည်ဆွမ်းအမျှအတန်းပေးဝေမှု ဆောင်ရွက်ခဲ့ပြီး ပြန်လည်တည်ထောင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက ပြောကြားသည်။

မိုးသည်းထန်စွာရွာသွန်း၍ မလတ်တောင်သည် သြဂုတ် ၉ ရက် နံနက် ၇နာရီ ဝန်းကျင်တွင် ပြိုကျခဲ့ပြီး နေအိမ်များ၊ ကားများ တောင်ပြိုကျမှုအောက်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။မွန်ပြည်နယ်အတွင်း၌ သြဂုတ် ၉ ရက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်၊ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရောနှင့် ရေးမြို့နယ်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ရေဘေးကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ခဲ့ရကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117