Environment, Disasters & Accidents
ပြင်ဦးလွင်-မန္တလေး အဆင်းကားလမ်းတွင် ယာဉ်နှစ်စီးတိုက်ပြီး ချောက်အတွင်းထိုးကျမှုကြောင့် လူ ၄ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့နယ် ၊ ပြင်ဦးလွင် – မန္တလေး အဆင်းကားလမ်း ၊ မိုင်တိုင်အမှတ် (၁၉/၄) နှင့် (၁၉/၃) အကြားတွင် ယနေ့နံနက် (၁၁)နာရီဝန်းကျင်အချိန်က ယာဉ်နှစ်စီးတိုက်ပြီး ချောက်အတွင်း ထိုးကျမှုကြောင့် လူ ၄ ဦးသေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ပြင်ဦးလွင်မှ မန္တလေးသို့မောင်းနှင်လာသော (၁၈)ဘီးယာဉ်သည် လမ်းညာဘက်အခြမ်းတွင် ရပ်ထားသော Honda Fit ယာဉ်အား ဝင်ရောက်တိုက်မိပြီး လမ်းညာဘက်ခြမ်းရှိ ချောက်အတွင်းသို့ ယာဉ်(၂)စီးလုံး ပြုတ်ကျသွားခြင်းဖြစ်သည်။အဆိုပါ ချောက်အတွင်းကျရောက်သွားသော ယာဉ်နှစ်စီးအား ရှာဖွေကယ်ဆယ်ရေးများဆောင်ရွက်ရာ ယာဉ်နှစ်စီးပေါ်မှ အမျိုးသမီး ၂ဦး၊ အမျိုးသား ၂ဦး စုစုပေါင်း ၄ဦး အခင်းဖြစ်နေရာတွင် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ကြောင်း သိရသည်။(Xinhua)