Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်၌ သစ်တင်ယာဉ်တိမ်းမှောက် ၊ လူသုံးဦး သေဆုံး 

ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်အား တွေ့ရစဉ်(ဓာတ်ပုံ - Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ မတ် ၂၄ ရက်(ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်၌ သစ်များတင်ဆောင်လာသည့် ယာဉ်တစ်စီးသည် မတ် ၂၃ ရက်တွင်  တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါရှိသူ သုံးဦး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။

ကလေးဝမြို့နယ်၊ ချောင်းဆုံ ကျေးရွာ အနီး တောင်ရိုးပေါ်၌ ပျဉ်းကတိုးသစ်များ တင်ဆောင်လာသော ယာဉ်မောင်း အပါအဝင် လူ ၁၁ ဦး လိုက်ပါလာသည့်ယာဉ်တစ်စီးသည် တောင်ရိုးတောင်အဆင်း၌ ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခြင်း ဖြစ်ကြောင်း ၊ ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် လူ ၇ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ကလေးဝမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ယာဉ်မောင်းဖြစ်သူအား ပေါ့လျော့မှုကြောင့် သာမန်/ပြင်းထန်နာကျင်စေမှု ၊ လူသေမှုဖြင့် မစိန်နယ်မြေရဲစခန်းမှ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။ (Xinhua)