Connect with us

Environment, Disasters & Accidents

ပွင့်ဖြူမြို့နယ်၌ ယာယီပိတ်ထားသည့် ကျောင်းပေါင်း(၄၆)ကျောင်းအနက် (၃၂)ကျောင်း ပြန်လည်ဖွင့်လှစ်

၂၀၁၅ ခုနှစ် ပွင့်ဖြူမြို့နယ် ရေကြီးခဲ့စဉ် ရေဘေးတွင် ကူညီနေကြသူတို့အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဇွန် ၉ ရက်နေ့မှ ၁၄ ရက်နေ့အထိ မိုးများသည်းထန်စွာ ရွာသွန်းခဲ့ပြီး အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မုန်းချောင်းရေများ တိုးမြင့်ခဲ့သည့်အတွက် မြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများ သဘာဘေးအန္တရာယ် ထိခိုက်မှုမဖြစ်စေရေး ရေဝင်ရောက်သည့် အခြေခံပညာ စာသင်ကျောင်း (၄၆) ကျောင်းကို ဇွန် ၁၁ ရက်နေ့မှ စတင်ကာ ယာယီပိတ်ထားခဲ့ရာ ယခုအခါ ရေများပြန်လည်ကျဆင်း သွားပြီဖြစ်သဖြင့် ဇွန် ၁၈ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ယာယီပိတ်ထားသည့် အခြေခံပညာစာသင်ကျောင်း (၄၆) ကျောင်းအနက် (၃၂) ကျောင်းကို ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။

ပွင့်ဖြူမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မုန်းချောင်းရေတိုးမြင့်နေမှုကြောင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့ရှိ အခြေခံပညာစာသင်ကျောင်း(၄၆)ကျောင်းကို ကျောင်းသားကျောင်းသူများ ဘေးအန္တရာယ်မဖြစ်စေရေး ယာယီပိတ်ထားခဲ့ရကြောင်းသိရပြီး၊ အဆိုပါ ယာယီပိတ်ထားသည့် အခြေခံပညာ စာသင်ကျောင်းများမှာ အခြေခံပညာအထက်တန်းအဆင့်(၇)ကျောင်း၊ အခြေခံပညာအလယ်တန်း အဆင့်(၁၃) ကျောင်း၊ အခြေခံပညာမူလတန်းအဆင့်(၂၆)ကျောင်း၊ စုစုပေါင်း (၄၆)ကျောင်း ပိတ်ထားခဲ့ကြောင်း သိရသည်။

ယခုအခါ ရေများပြန်လည်ကျဆင်းသွားပြီဖြစ်၍ ယာယီပိတ်ထားသည့်အခြေခံပညာစာသင်ကျောင်း (၄၆)ကျောင်း အနက် အခြေခံပညာစာသင်ကျောင်း(၃၂)ကျောင်းကို ဇွန် ၁၈ ရက်နေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများအား ပညာသင်ကြားပေးနေပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.